Our Services
Japan Training Visa
Japan Training Visa (အလုပ်သင်လုပ်သား ၁ နှစ်+၂ နှစ် ဗီဇာ) ဖြင့် သက်ကြီးစောင့်ရှောက်ရေးလုပ်ငန်း၊ စားသောက်ကုန်ထုတ်၊ ဆေးရုံသူနာပြုအကူ၊ ဆောက်လုပ်ရေးအလုပ် စသည့် ဂျပန်နိုင်ငံရှ်ိအလုပ်များကို သွားရောက်လိုသူများအတွက် လိုအပ်သော ဘာသာစကားသင်တန်း၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်သင်တန်းများ၊ ဝင်ခွင့်စာမေးပွဲများကို ပြည့်စုံအောင် ကူညီဆောင်ရွက်ပေးနေပါသည်။ ကျွန်ပ်တို့၏အလုပ်အကိုင်ရှာဖွေရေးအတိုင်ပင်ခံများမှလည်း သင့်အား အလုပ်ရှာဖွေရန်နှင့် အလုပ်အကိုင်ရရှိဖို့အတွက် အင်တာဗျူးနှင့် သွားလာရေးများ ပြင်ဆင်ရန်ကူညီပေးပါသည်။

Work Visa
Work visa ဖြင့် ဂျပန်တွင်အလုပ်လုပ်လိုသူများအတွက် ကူညီဆောင်ရွက်ခြင်းများ၊စာရွက်စာတမ်းပိုင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးပါသည်။
တခြားသော နိုင်ငံများဖြစ်သည့် မလေး၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနှင့် ကာတာနိုင်ငံများသို့ အလုပ်ဗီဇာနှင့် အလုပ်အကိုင်ရှာဖွေလိုသူများအတွက် ဘာသာစကားသင်တန်း၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်သင်တန်းများ၊ အင်တာဗျူးပြင်ဆင်ခြင်းများနှင့် ခရီးသွားလာရေးများ ပြင်ဆင်ရန်ကူညီပေးပါသည်။

Specified Skilled Worker - ကျွမ်းကျင်လုပ်သား ဗီဇာ (Tokutei Ginou Visa)
ကျွမ်းကျင်အလုပ်သမား ဗီဇာ(၅ နှစ်) ဖြင့် လုပ်ငန်းအမျိုးအစားပေါင်း ၁၄ မျိုး နဲ့ သွားရောက်နိုင်ပြီး အဓိက လုပ်ငန်းအမျိုးအစားတွေက ဆောက်လုပ်ရေးလုပ်ငန်း ၊ ကားပြုပြင်ရေးလုပ်ငန်း ၊ လေဆိပ်နှင့်လေကြောင်းလုပ်ငန်း ၊ ဟိုတယ် လုပ်ငန်း၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း၊ အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း ၊စိုက်ပျိုးရေးလုပ်ငန်း ၊ စားသောက်ကုန် လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း စသည့် ဂျပန်နိုင်ငံရှ်ိအလုပ်များကို သွားရောက်လိုသူများအတွက် လိုအပ်သော ဘာသာစကားသင်တန်း၊ သက်ဆိုင်ရာလုပ်ငန်းခွင်အတွက် နည်းပညာ အတတ်ပညာ ကျွမ်းကျင်မှု စာမေးပွဲများကို ပြည့်စုံအောင် ကူညီဆောင်ရွက်ပေးနေပါသည်။ Tokutei Ginuo Visa ဖြင့် သွားရောက်မည့်သူများ၏ အေဂျင်စီ ဝန်ဆောင်ခ မှာ အလုပ်အမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၏ တရားဝင်သတ်မှတ်ထားသော ကုန်ကျစရိတ် (USD ) ၁၅၀၀ ဒေါ်လာ ဖြစ်ပါသည်။

Exam Services
ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်သူများ အလုပ်အကိုင်ရရှိရန်အတွက် မြန်မာပြည်တွင်းမှာ ဖြေဆိုမရသော ကျွမ်းကျင်ဘာသာရပ်ဆိုင်ရာ စာမေးပွဲ ကို ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှား၊ နီပေါနိုင်ငံများတွင် စားသောက်ကုန်ထုတ်စာမေးပွဲ၊ ကားပြုပြင်ထိန်းသိမ်း စာမေးပွဲ၊လေဆိပ်ဝန်ထမ်း၊ အဆောက်အဦး သန့်ရှင်းရေး စာမေးပွဲ အစရှိသည့် စာမေးပွဲများဖြေဆိုရန် သက်ဆိုင်ရာဘာသာရပ်အလိုက်သင်တန်းများ၊ စာမေးပွဲဖြေဆိုအောင်မြင်ရန် လေ့ကျင့်ပေးမှုများနှင့် ခရီးသွားရောက် ဖြေဆိုမှုများအတွက် အစအဆုံး ပံ့ပိုးဆောင်ရွက်ပေးပါသည်။

Student Visa (Language School Application)
နိုင်ငံခြားသားများ ဂျပန်နိုင်ငံမှာ သွားရောက်ပညာသင်ဖို့အတွက် ဂျပန်စာကိုကျွမ်းကျင်အောင်သင်ယူရန်၊တက်ရောက်ရန် Japan Language School တက်ရောက်နိုင်တာဖြစ်ပါသည်။ Language School တက်ရောက်ပြီးနောက် ကောလိပ် (သို့) တက္ကသိုလ် (သို့) အလုပ်ခွင်သို့ ဝင်ရောက်နိုင်ပါသည်။ Language School ဖြစ်တဲ့အတွက် ၁၀တန်းအောင်နဲ့လည်း သွားတက်ရောက် နိုင်တဲ့ကျောင်းများလည်းရှိပါသည်။
Japan မှာ Language School ဖြင့်ကျောင်းသွားတက်ရောက်မည့်သူများအတွက် Grand Future Star မှ အသေးစိတ်ကူညီဆောင်ရွက်ပေးနေပါသည်။ အသေးစိတ်ကို စုံစမ်းမေးမြန်းလိုက်ပါ။
