
Grand Future Star Company Limited
Japan နှင့် နိုင်ငံခြားအလုပ်အကိုင်ရှာဖွေခြင်းကို ယုံကြည်စိတ်ချစွာပံ့ပိုးကူညီပေးမည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ တရားဝင်လိုင်စင်ရ Grand Future Star Overseas Employment Agency နှင့် Fluency Foreign Language Training Centre ဘာသာစကားကျွမ်းကျင် သင်တန်းကျောင်း
WHAT WE DO
We empower individuals with diverse overseas employment opportunities .
Japan Training Visa (ဂျစ်ရှူးဆေး ဗီဇာ)
Japan Training Visa (၃ နှစ် ) ဖြင့် လုပ်ငန်းအမျိုးအစားပေါင်း ၈၅မျိုး နဲ့ သွားရောက်နိုင်ပြီး အဓိက လုပ်ငန်းတွေကတော့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ မွေးမြူရေး၊စားသောက်ကုန်ထုတ်ပိုး၊ ရေထွက်ပစ္စည်း၊ချည်မျှင်အထည်ချုပ်၊ စက်ပစ္စည်း ထုတ်လုပ်ရေး၊တပ်ဆင်ရေး၊ကြွေထည်၊ပရိဘောဂ၊ပလက်စတစ်၊ဝရိန်၊ဆေးမှုတ်၊ဘိုးဘွားစောင့်ရှောက်ရေး စသည့် ဂျပန်နိုင်ငံရှ်ိအလုပ်များကို သွားရောက်လိုသူများအတွက် လိုအပ်သော ဘာသာစကားသင်တန်း၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်သင်တန်းများ၊ ဝင်ခွင့်စာမေးပွဲများကို ပြည့်စုံအောင် ကူညီဆောင်ရွက်ပေးနေပါသည်။ ကျွန်ပ်တို့၏အလုပ်အကိုင်ရှာဖွေရေးအတိုင်ပင်ခံများမှလည်း သင့်အား အလုပ်ရှာဖွေရန်နှင့် အလုပ်အကိုင်ရရှိဖို့အတွက် အင်တာဗျူးနှင့် သွားလာရေးများ ပြင်ဆင်ရန်ကူညီပေးပါသည်။ Training Visa ဖြင့် သွားရောက်မည့်သူများ၏ အေဂျင်စီ ဝန်ဆောင်ခ မှာ အလုပ်အမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၏ တရားဝန်သတ်မှတ်ထားသော ကုန်ကျစရိတ် (USD ) ၂၈၀၀ ဒေါ်လာ ဖြစ်ပါသည်။
Work Visa
Work visa ဖြင့် ဂျပန်တွင်အလုပ်လုပ်လိုသူများအတွက် ကူညီဆောင်ရွက်ခြင်းများ၊စာရွက်စာတမ်းပိုင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးပါသည်။ တခြားသော နိုင်ငံများဖြစ်သည့် မလေး၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနှင့် ကာတာနိုင်ငံများသို့ အလုပ်ဗီဇာနှင့် အလုပ်အကိုင်ရှာဖွေလိုသူများအတွက် ဘာသာစကားသင်တန်း၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်သင်တန်းများ၊ အင်တာဗျူးပြင်ဆင်ခြင်းများနှင့် ခရီးသွားလာရေးများ ပြင်ဆင်ရန်ကူညီပေးပါသည်။
Exam Services
ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်သူများ အလုပ်အကိုင်ရရှိရန်အတွက် မြန်မာပြည်တွင်းမှာ ဖြေဆိုမရသော ကျွမ်းကျင်ဘာသာရပ်ဆိုင်ရာ စာမေးပွဲ ကို ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှား၊ နီပေါနိုင်ငံများတွင် စားသောက်ကုန်ထုတ်စာမေးပွဲ၊ ကားပြုပြင်ထိန်းသိမ်း စာမေးပွဲ၊လေဆိပ်ဝန်ထမ်း၊ အဆောက်အဦး သန့်ရှင်းရေး စာမေးပွဲ အစရှိသည့် စာမေးပွဲများဖြေဆိုရန် သက်ဆိုင်ရာဘာသာရပ်အလိုက်သင်တန်းများ၊ စာမေးပွဲဖြေဆိုအောင်မြင်ရန် လေ့ကျင့်ပေးမှုများနှင့် ခရီးသွားရောက် ဖြေဆိုမှုများအတွက် အစအဆုံး ပံ့ပိုးဆောင်ရွက်ပေးပါသည်။