About Us

Grand Future Star Overseas Employment Agency သည် ဂျပန်နိုင်ငံ သို့ ကျွမ်းကျင်လုပ်သား စေလွှတ်ခွင့် တရားဝင်လိုင်စင်ရရှိပြီး အေဂျင်စီဖြစ်ပါသည်။ ဂျန်ပန်နိုင်ငံ သို့ အဓိက ထား တိုက်ရိုက် အလုပ်အကိုင် ချိတ်ဆက်ပေးပါသည်။ အဆောက်အဦး သန့်ရှင်းရေး၊ ဝန်ချီစက်မောင်း လုပ်ငန်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်း၊ လေဆိပ်ဝန်ထမ်း၊ စားသောက်ကုန်လုပ်ငန်း၊ ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘိုးဘွားစောင့်ရှောက်ရေး၊ စားသောက်ဆိုင်လုပ်ငန်း၊ နှင့် ကားပြုပြင်ထိန်းသိမ်းရေး စသည့်အလုပ်အကိုင်များအတွက် ဂျပန်နိုင်ငံရှိ လုပ်ငန်းများနှင့် အလုပ်အခွင့်အလမ်း ချိတ်ဆက်ဆွေးနွေးထားတာကြောင့် လက်မှတ်အစုံရှိသူများအနေဖြင့် လာရောက်လျှောက်ထားလို့ရပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက် သည် မြန်မာနိုင်ငံသားများအတွက် တာဝန်ယူမှုရှိပြီး တရားဝင်သော နိုင်ငံခြားအလုပ်အကိုင်များ ရှာဖွေဖန်တီးပေးခြင်းနှင့် နိုင်ငံတကာရှိ အလုပ်ရှင်များအတွက် သင့်တော်သော ဝန်ထမ်းများ တိုက်ရိုက် ချိတ်ဆက်ပေးနေခြင်းဖြစ်ပါသည်။ Grand Future Star အေဂျင်စီ ၏ တိုက်ရိုက် ဘာသာစကား ကျွမ်းကျင် သင်တန်းကျောင်း Fluency Foreign Language Training Centre လည်းဖွင့်လှစ်ထားပြီး ဂျပန်ဘာသာစကားLevel အလိုက် သင်တန်းများနှင့် အလုပ်အတွက်လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ လစဉ်အတန်းခွဲများဖြင့် ဖွင့်လှစ်ပေးထားပါသည်။
ကျွန်ုပ်တို့တာဝန်
နိုင်ငံတကာ အလုပ်ရှင်များအား ကျွမ်းကျင်၊ ယုံကြည်စိတ်ချရသော နှင့် အပ်နှံထားသော ဝန်ထမ်းများကို ရှာဖွေရာတွင် ကူညီပေးရင်း မြန်မာနိုင်ငံမှ အလုပ်သမားများအတွက် တာဝန်သိပြီး တရားဝင်ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်။
ကျွန်ုပ်တို့ရည်မှန်းချက်
အလုပ်သမားများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ အလုပ်ရှင်များအား ပံ့ပိုးပေးခြင်းနှင့် ရေရှည်တည်တံ့သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ကူညီခြင်းဖြင့် မြန်မာနိုင်ငံ၏ ယုံကြည်ရဆုံးသော ပြည်ပအလုပ်အကိုင်အေဂျင်စီဖြစ်လာရန်။
ကျွန်ုပ်တို့၏တန်ဖိုးများ
- သမာသမတ်ရှိခြင်း - တရားမျှတပြီး ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်များ
- တာဝန်ယူမှုရှိခြင်း - လုပ်သားများ၏ ဘေးကင်းလုံခြုံမှုနှင့် သုခချမ်းသာကို အလေးထားဆောင်ရွက်ခြင်း
- ကျွမ်းကျင်ပညာရှင်ပီသခြင်း - ခေါ်ယူရေးနှင့် သင်တန်းပေးရာတွင် မြင့်မားသောစံနှုန်းထားများ
CEO's Message

Grand Future Star Employment Agency သည် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဈေးကွက်တွင် မြန်မာနိုင်ငံသားများအတွက် အထူးသဖြင့် အခြေခံ လုပ်သားများအတွက် အကောင်းဆုံး အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ရန် နှင့် မြန်မာနိုင်ငံသားများ ၏ လူမှု့ဘဝ ဖွဲ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး တည်ထောင်ခဲ့ပါသည်။ လူကို တန်ဖိုးထားခြင်း၊ တာဝန်ယူမှု၊ နှင့် ကျွမ်းကျင်မှု ကို အဓိကထားပြီး အလုပ်ရှင်များနှင့် အလုပ်လိုအပ်သူများကို တန်းတူအကျိုးရှိစေရန် ချိတ်ဆက်ပေးပြီး လက်တွဲကူညီမည့် ဂုဏ်သိက္ခာရှိသော အေဂျင်စီဖြစ်သည်မှာ ကျွန်မ ၏ အဓိကမစ်ရှင်ဖြစ်ပါသည်။ ကျွန်မ ၏ ရည်မှန်းချက်မှာ အလုပ်ရှင်များနှင့် အလုပ်လိုအပ်ချက်ရှိသူများကို တခြားသော ပြည်ပနိုင်ငံများမှာ အလုပ်အမှန်တကယ်ရရှိစေရုံသာမက မြန်မာနိုင်ငံသားများအတွက် လုံခြုံမှု ရှိ၍ တရားဥပဒေနှင့်ကိုက်ညီပြီး ယုံကြည်စိတ်ချရသော ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်ပါသည်။ ယနေ့ခေတ် ပြည်ပ အလုပ်အကိုင်ဈေးကွက်တွင် အခွင့်အလမ်းတစ်ခုခုကို ရယူရန် (သို့မဟုတ်) အလုပ်ရှင်ဘက်မှလဲ လုပ်ငန်းအတွက် အကောင်းဆုံး ဝန်ထမ်းများကို ရှာဖွေရန်အတွက် ကျွမ်းကျင်မှု၊ တာဝန်ယူမှုနှင့် ယုံကြည်စိတ်ချရမှုတို့မှာ အလွန်အရေးကြီးပါသည်။ ကျွန်မတို့ Grand Future Star အေဂျင်စီသည် တရားမှန်သော အလုပ်ခေါ်စာများ၊ တိကျသောလုပ်ငန်းစဉ်များနှင့် ကိုယ်ပိုင် အရည်အသွေးမြှင့်တင်မှုများဖြင့် အလုပ်ရှင်များနှင့် အလုပ်လိုအပ်ချက်ရှိသူများအတွက် စေတနာများစွာဖြင့် အကောင်းဆုံး ဝန်ဆောင်မှုများပေးနိုင်ရန် အားထုတ်လျက်ရှိပါသည်။ Grand Future Star ကို ယုံကြည်အားထားပြီး လက်တွဲဆောင်ရွက်နေကြသော မိတ်ဖက်လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ အလုပ်ရှာဖွေရေး ဝန်ဆောင်မှုကို အသုံးပြုနေသူများအား ကျေးဇူးအထူးတင်ရှိပါသည်။ မိတ်ဆွေတို့၏ အနာဂတ်အတွက် အကောင်းဆုံးလမ်းကြောင်းတည်ဆောက်ပေးနိုင်ရန် အထူးကြိုးစားပေးသွားမည်ဖြစ်ပြီး မိတ်ဆွေတို့၏ ယုံကြည်မှုကို အမြဲတမ်းတန်ဖိုးထားလျှက် တိုးတက်သော အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်နိုင်ရန် ဆောင်ရွက်သွားပါမည်။
ဒေါ်ရင်မြတ်သူ
မန်နေဂျင်း ဒါရိုက်တာ
Grand Future Star Co.,Ltd.