
Grand Future Star Company Limited
Japan နှင့် နိုင်ငံခြားအလုပ်အကိုင်ရှာဖွေခြင်းကို ယုံကြည်စိတ်ချစွာပံ့ပိုးကူညီပေးမည့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ တရားဝင်လိုင်စင်ရ Grand Future Star Overseas Employment Agency နှင့် Foreign Language Training Centre
WHAT WE DO
ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းအား ပြည်ပနိုင်ငံများတွင် အမျိုးမျိုးသော အလုပ်အကိုင်အခွင့်အလမ်းများနှင့်အတူ ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးပေးပါသည်။
Japan Training Visa
Japan Training Visa (အလုပ်သင်လုပ်သား ၁ နှစ်+၂ နှစ် ဗီဇာ) ဖြင့် သက်ကြီးစောင့်ရှောက်ရေးလုပ်ငန်း၊ စားသောက်ကုန်ထုတ်၊ ဆေးရုံသူနာပြုအကူ၊ ဆောက်လုပ်ရေးအလုပ် စသည့် ဂျပန်နိုင်ငံရှ်ိအလုပ်များကို သွားရောက်လိုသူများအတွက် လိုအပ်သော ဘာသာစကားသင်တန်း၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်သင်တန်းများ၊ ဝင်ခွင့်စာမေးပွဲများကို ပြည့်စုံအောင် ကူညီဆောင်ရွက်ပေးနေပါသည်။ ကျွန်ပ်တို့၏အလုပ်အကိုင်ရှာဖွေရေးအတိုင်ပင်ခံများမှလည်း သင့်အား အလုပ်ရှာဖွေရန်နှင့် အလုပ်အကိုင်ရရှိဖို့အတွက် အင်တာဗျူးနှင့် သွားလာရေးများ ပြင်ဆင်ရန်ကူညီပေးပါသည်။
Work Visa
Work visa ဖြင့် ဂျပန်တွင်အလုပ်လုပ်လိုသူများအတွက် ကူညီဆောင်ရွက်ခြင်းများ၊စာရွက်စာတမ်းပိုင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးပါသည်။ တခြားသော နိုင်ငံများဖြစ်သည့် မလေး၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနှင့် ကာတာနိုင်ငံများသို့ အလုပ်ဗီဇာနှင့် အလုပ်အကိုင်ရှာဖွေလိုသူများအတွက် ဘာသာစကားသင်တန်း၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်သင်တန်းများ၊ အင်တာဗျူးပြင်ဆင်ခြင်းများနှင့် ခရီးသွားလာရေးများ ပြင်ဆင်ရန်ကူညီပေးပါသည်။
Student Visa
နိုင်ငံခြားသားများ ဂျပန်နိုင်ငံမှာ သွားရောက်ပညာသင်ဖို့အတွက် ဂျပန်စာကိုကျွမ်းကျင်အောင်သင်ယူရန်၊တက်ရောက်ရန် Japan Language School တက်ရောက်နိုင်တာဖြစ်ပါသည်။ Language School တက်ရောက်ပြီးနောက် ကောလိပ် (သို့) တက္ကသိုလ် (သို့) အလုပ်ခွင်သို့ ဝင်ရောက်နိုင်ပါသည်။ Language School ဖြစ်တဲ့အတွက် ၁၀တန်းအောင်နဲ့လည်း သွားတက်ရောက် နိုင်တဲ့ကျောင်းများလည်းရှိပါသည်။ Japan မှာ Language School ဖြင့်ကျောင်းသွားတက်ရောက်မည့်သူများအတွက် Grand Future Star မှ အသေးစိတ်ကူညီဆောင်ရွက်ပေးနေပါသည်။ အသေးစိတ်ကို စုံစမ်းမေးမြန်းလိုက်ပါ။